ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library နစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် ‌ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း အပျော်စီးရေပေါ်စက်ဘီးစီးနိုင်ပြီဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း၌ အပျော်စီးရေပေါ်စက်ဘီးစီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စည်ပင်သာယာဆိပ်အနီး ဧရာဝတီမြစ်ကမ်းမှစတင်၍ ရေလယ်ကျွန်းထိ တစ်ပျော်တစ်ပါးစီးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ (၁၉) ၊ အမှတ် (၁၉) စာစောင်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ရေး နည်းပေးသူ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။

ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉) ၊ အမှတ် (၂၄) တွင် စာရေးဆရာ မောင်နှင်းဆီ ရေးသားထားသော “စကားခွန်အား” ဆောင်းပါးခေါင်းစဉ်ပါ အကြောင်းအရာများနှင့် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ (Mobile Phone)အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ (Mobile Phone) အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြည်သူလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ကျိုင်းတုံမြို့၌ ဟော်နန်းဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈) နာရီခွဲက ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းရှိ မင်းဒင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော သံကူကွန်ကရစ် (၂) ထပ် ကျိုင်းတုံ ဟော်နန်းတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် (အကြို) အသိပညာပေး ဟောပြာပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၁၅ရက်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ကဗျာဆရာများ၏  သူတို့အရေး သူတို့အတွေး ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကဗျာဆရာများ၏ သူတို့အရေး သူတို့အတွေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူး Talk Show ကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူး အကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၊ အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး Community Centre  တွင် ယနေ့ နံနက်(၉)နာရီက ကျင်းပသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ