ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းယန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းသရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံပြစိုက်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးနှစ် (Mini Budget) ကာလများတွင် ကောက်ခံရန်ကျန်ရှိသော အခွန်၊ အခများကိစ္စနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် / မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများ၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ကာလများတွင် ကောက်ခံရန်ကျန်ရှိသော အခွန်၊ အခများကိစ္စနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၂၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကိုဗစ်-၁၉ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလမှလွဲ၍ နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စွမ်းရည်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်

ကျိုက်မရောမြို့နယ်၌ ကရင်အမျိုးသားနေ့နှစ်သစ်ကူးပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်မှ ၂၇၆၃ ခုနှစ်သို့ကူးပြောင်းသည့် ယမန်နေ့နံနက် ၇ နာရီ တွင်ကျရောက်သည့် (၈၅)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အတ္တရံမြစ်အရှေ့ဖက်ကမ်းရှိ ဖနုံကျေးရွာ နှစ်သစ်ကူးမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မေယုရတနာခန်းမ၌ ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနသို့ သွားရောက်၍ ယနေ့ နေ့လယ်  ၁၂ နာရီအချိန်က သုတရသ စာအုပ်စာစောင်များအားအခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ