ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာရေးဆရာ ဒီဇင်ဘာမွန်း၏ ကလေးတို့အတွက် မြန်မာစကားပုံများ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ အထက(၁) သီရိရတနာခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အထက(၁) သီရိရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့်သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင် အ.ထ.က(၉)ကျောင်း (ကျောင်းခန်းမ) ၌ ကျင်းပခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်‌များအား ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြားသော ထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး၊ သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာအုပ်စာစာင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့၌ စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့် ကောင်းများတိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက် ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းသို့ စာအုပ်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ ကွင်းဆင်း၍ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်သည်။

မက်မန်းမြို့တွင် စာဖတ်ရှိန်မြင့်မားရေး စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေချစ်သူများ အဆင်ပြေ စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထက-မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများထံသို့ စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ‌ ဆူးသစ်ရေးသားသော "ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို    ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ