ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အခြေခံပညာ‌ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေပြီး ပရိသတ်ရှေ့ ပြောဆိုတိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ မြိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံး များသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

စာသင်ကျောင်းအခြေပြု စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး Mobile စာငှားစနစ်ဖြင့် ၀န်ဆောင်မှုပေး

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေနှင့် စဉ်ဆက်မပြတ်ထိတွေ့စေ‌‌ရေး၊ စာ‌ပေဖတ်ရှုမှုမြင့်မားလာစေရေးအတွက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က လောကမာရဇိန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ Mobile library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

“လူငယ်စကားဝိုင်း” အ.ထ.က ဝါးဘ‌လောက်သောက်ကျောင်း၌ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍‌ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွား‌စေရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်‌နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဝါးဘလောက်သောက်)ကျောင်း၌ ကျင်းပခဲ့သည်။

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်စကားဝိုင်းအား ယမန်နေ့ နံနက်(၁၁) နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သံလွင်ဆောင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသားလူငယ်များနှင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်   

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က စာရေးဆရာ ဥက္ကာဖြိုးရေးသားတဲ့ ယဉ်ကျေးလိမ္မာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်စကားဝိုင်းအား ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သံလွင်ဆောင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ