မာန်အောင်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းဆောင်ရွက်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာပေဖတ်ရှုမှု အဆင် ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်(အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။