ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ စာပေများအလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် Community Centre ၌လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေး Talk Show ပြုလုပ်

 မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၁  နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ရေသယံဇာတနေ့” အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ရေသယံဇာတနေ့” အထိမ်းအမှတ်အဖြစ် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်    ပြသခြင်းတို့ကို  မတ်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ လူငယ်များဘက်စုံပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များဘက်စုံပညာရပ်များ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက စတင်ကာ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။

နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း စာအုပ်များဖတ်ရှုခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ ဖတ်ရှုခြင်းနှင့် လာရောက် ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခွဲက လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ နွေရာသီ အင်္ဂလိပ်စာ Grammar ရေးသားနည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ‌ နွေရာသီအင်္ဂလိပ်စာ Grammar ရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ နွေရာသီ မြန်မာ့ရိုးရာ အ‌ခြေခံခြင်းလုံးခတ်နည်း သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံ ခြင်းလုံးခတ်နည်းသင်တန်းကို ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပလီ​မြို့၌ လူငယ်​ရေး​ရာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရှောင်ရှားနိုင်​ရေး အသိပညာပေး ဟောပြောပွဲကို ယ​နေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ