ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့နယ် Community Centre ခန်းမ၌ စာအုပ်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က စာအုပ်ပြပွဲကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယမန်နေ့က Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရား ယာယီနေရပ်စွန့်ခွာစခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ် ၂ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့တော်ခန်းမ ယာယီနေရပ်စွန့်ခွာစခန်းသို့ သွားရောက်ပြီး ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင် များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်း၍  ရန်ကုန်-စစ်တွေ လမ်းမကြီး၌ ခရီးသွားပြည်သူများကို ယနေ့ နံနက် ၉ နာရီအချိန်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့နေ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။

စာဖတ်သူများ လက်ဝယ်အရောက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်စာစောင် အသစ်များအခမဲ့ ငှားရမ်းပေး

စာအုပ် စာပေများ စဉ်ဆက်မပြတ် လေ့လာဖတ်ရူခွင့်ရရှိစေရန်ရည်ရွယ်၍ အပတ်စဉ်မိုဘိုင်းစာငှားစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီမှစ၍ စာဖတ်သူများ ရှေ့မှောက်အရောက် လှည့်လည်ငှားရမ်းပေးခဲ့ကြသည်။

စုကလိမြို့တွင် ကလေးအလုပ်သမားများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ပြုလုပ်

ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ခေါင်းစဉ်နှင့်အညီ စုကလိမြို့နေပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားများအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ