ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ကလေးသူငယ်များဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။