လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမြို့နယ် စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မောဝ်ချယ်ရီခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။