လူမှုရေးရာဝန်ကြီး ဦးသက်နိုင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးအတွင်းအစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များအား ဘေးအန္တရာယ်ကင်းရှင်း စွာစားသုံးနိုင်ရေး၊ သုံးစွဲနိုင်ရေး၊ အထောက်အကူပြုစေရန် ရည်ရွယ်၍ ၁/၂၀၂၅ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။