ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက (တတိယအကြိမ်) တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။