မြိတ်ခရိုင်၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း အောင်မြင်ရေး၊ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့မှုရှိရေး၊ ခရီးသွားများ လုံခြုံမှုရှိရေး အစည်းအဝေး ပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းအောင်မြင်ရေး၊ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့မှုရှိရေး၊ ခရီးသွားများ လုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယေရေးဝန်ကြီး ဦးအောင်ဇော်လှိုင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Speed Boat လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။