သရက်ချောင်းမြို့နယ်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းတွင် ၉၅၉၆ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအတွက် ၇၄.၀၆ တင်း ထွက်ရှိခဲ့ပြီး စုစုပေါင်းအထွက် ၇၁၀၆၅၇ တင်း ထွက်ရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။