ကျွန်းစုမြို့ ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျွန်းစုမြို့ ညောင်ဘီးကျေးရွာအုပ်စု ပဲယာကျေးရွာသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများကို ကွင်းဆင်းစစ်ဆေးသည်။