တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၁) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးတွင် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ သမဝါယမကဏ္ဍဖြင့် အသင်းသားတောင်သူများအား  မျိုးစပါးသွင်းအားစု မတည်ငွေကျပ်သိန်း ၅၅၈ သိန်းထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍ တောင်သူများအား မျိုးစပါးသွင်းအားစု မတည်ငွေ ပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုနှင့်ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လ ၃ ရက်နေ့ နံနက် ၉နာရီအချိန်က ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုနှင့် ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် လယ် (၆၂၀) ဧကအတွက် ကျပ် (၁၂၄၀) သိန်းနှင့်ညီမျှသော မျိုးစပါး/သွင်းအားစုများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှမြို့နယ်အတွင်းရှိ လယ် (၆၂၀) ဧကအတွက် ကျပ် (၁၂၄၀)သိန်း နှင့်ညီမျှသော မျိုးစပါး/သွင်းအားစု ပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်း၏ တိုက်အုပ်ဆရာတော်၊ နိုင်ငံတော်ဩဝါဒစရိယ (ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဒုတိယဂိုဏ်းချုပ်) အဘိဓဇမဟာရဠဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသူရိယ၊ သက်တော် (၉၆)နှစ်၊ ဝါတော်(၇၆)ဝါ ၏ ဈာပနာအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်း၌ ဇေယျဝတီဘုန်းတော်ကြီးကျောင်း၏ တိုက်အုပ်ဆရာတော်၊ နိုင်ငံတော်ဩဝါဒစရိယ (ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဒုတိယဂိုဏ်းချုပ်) အဘိဓဇ မဟာရဠဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သူရိယ၊ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ ၏ ဈာပနာအခမ်းအနားကို ဇွန် ၂ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြိတ်မြို့၊ သမုတ်စံပြ‌ကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ကာ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် နွေရာသီလူငယ်ဘင်ခရာသင်တန်းဆင်းပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဘင်ခရာသင်တန်းကို ဧပြီလ ၁၈ ရက်နေ့ မှ စတင်၍ ဇွန်လ ၂ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြိတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်နှင့်အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ဝန်ထမ်းသား/သမီး ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပလောက်မြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပလောက်မြို့ပေါ် အခြေခံပညာကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး