တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌ တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ  ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့မှ လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ပြိုင်ပွဲများကျင်းပသည်။

ကော့သောင်းမြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင် ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သီးခြားတပ်ဖွဲ့စုများမှ တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များတို့ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အနေဖြင့် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြိတ်တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းဆင်း 

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် လူထုအတွင်းသို့ ရှေးဦးပြုစုခြင်းပညာရပ်နှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်အောင်ဆောင်ရွက်နိုင်စေရန် တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှ ကြီးမှူး၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) (၁/၂ဝ၂၅) သင်တန်းဆင်းပွဲကို ဇူလိုင်၈ရက် နံနက်ပိုင်းက ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။

ရေဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ကိုင်သူများ ဈေးကောင်း ရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးရွာအချို့၌ တစ်ပိုင်တနိုင်ဝက်မွေးမြူရေး လုပ်ကိုင်ကြရာ ဈေးကောင်းရရှိကြောင်း ဝက်မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။

ကရသူရိမြို့ဦးဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ မြို့ဦး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်အား ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဇူလိုင် ၅ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြို့နယ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅) နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့  တက်ရောက်ကြည့်ရှုအားပေး 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး