တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့ အမှတ်(၅)ရပ်ကွက်တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင်သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် မှော်ဘီ(၃)စပါးစိုက်ခင်းရိတ်သိမ်းမှုများကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစား ကွင်းတွင် ကျင်းပသည်။

ပုလောမြို့နယ်၌ မဲစာရင်းမကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစီစစ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာ၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်းကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း မဲစာရင်းတွင်အမည်ပါရှိစေရေး  တစ်အိမ်တက်၊တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေး

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ လောင်းလုံးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေးစသည် လုပ်ငန်းစဉ်များကို မြေပြင်တစ်အိမ်တက်၊တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးမှုဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကလိန်အောင်မြို့၌ ပြည်သူများမဲစာရင်းမကျန်ရှိ‌စေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊ မပါအား သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံ ကောက်ယူဆောင်ရွက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးသည်။

မြိတ်ခရိုင်၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း အောင်မြင်ရေး၊ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့မှုရှိရေး၊ ခရီးသွားများ လုံခြုံမှုရှိရေး အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းအောင်မြင်ရေး၊ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့မှုရှိရေး၊ ခရီးသွားများ လုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ‌ေရေးဝန်ကြီး ဦးအောင်ဇော်လှိုင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Speed Boat လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံ၍  အစည်းအဝေးပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရုရှားဘာသာစကားပြော သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာ စကားပြောသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ သည်။

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့နယ်အတွင်းရှိ ကုန်ထုတ်လမ်း၊ ကျေးရွာအဝင်လမ်းနှင့် မြို့အဝင်လမ်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည်  ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း၊  ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းနှင့် မြို့အဝင်လမ်းကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို နိုဝင်ဘာ(၂၈)ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး