မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီးစေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများ ကျင်းပမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချမ်းသာကြီးပရဟိတအဖွဲ့ထံမှ သိရသည်။