မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ် မင်းလွင်ကျေးရွာ (အ.လ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မင်းလွင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ရွှေဖရုံသီးနှံစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် ရွှေဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

အောင်လံမြို့နယ်အတွင်း စက်သုံးဆီသယ်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်း စက်သုံးဆီသယ်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်နေ ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ ကျောင်းစုကျေးရွာ၌ ဧကဒဿမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက်(၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် ရွှေတိုးဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

မင်းလှမြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  မင်းလှမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများအဖြစ် ယမန်နေ့ နံနက်က မင်းလှမြို့နယ် ကိုင်းစံပြ ကျေးရွာအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခွဲခန့် ရေကျော်စီးဆင်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော ကြီးအုံကြီးဝတမံသည် မိုးနှောင်းမိုးရွာသွန်းမှု အားကောင်းခဲ့သဖြင့် တမံအတွင်းသို့ မိုးရေများ ဝင်ရောက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက်၊ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှတစ်ပေခွဲခန့် ဆက်လက်ရေကျော်စီးဆင်းလျက်ရှိကြောင်း အဆိုပါတမံရေကင်းတာဝန်ရှိသူများထံမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံမြေပြင်စိုက်ပျိုးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်သီးနှံအတွက် ဒေသခံတောင်သူများက ကိုင်းစိုက်ပျိုးမြေများတွင် မြေပြင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးရုံးက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လိုင်းတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က မြို့သစ်မြို့နယ်၊ ကံကြီးဓာတ်အား ခွဲစက်ရုံမှလျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ မြို့သစ်ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး