မကွေးတိုင်းဒေသကြီး

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးဆောင်ရွက်

၂၀၂၆ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့်ချောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ချောက်မြို့မဈေးမီးဘေး ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မကွေတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအနေဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးလုံခြုံရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်စည်ပင်သာယာဈေးတွင် ဧပြီ ၂၆ ရက်နေ့နံနက် ၈ နာရီက မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် စျေးပိတ်ချိန် လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ စစ်ဆေးခြင်းနှင့် မီးကြွင်းမီးကျန်များမရှိစေရေး၊ မီးလောင်လွယ်သောပစ္စည်းများ စုပုံထားရှိမှုမရှိစေရေး၊ ကုန်ပစ္စည်းများ အဆမတန်သိုလှောင်ထားရှိမှုမရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ရှိစေရေးတို့အတွက် လိုက်လံစစ်ဆေး သတိပေးဆော်သြခဲ့ကြသည်။

ငဖဲမြို့နယ်တွင် နဝမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းသာသနာ နုဂ္ဂဟ အသင်းကြီးမှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲတို့၌ ဖြေဆိုအောင်မြင်တော်မူသော သံဃာတော်များအား နဝမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက  ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၅၇၆၂၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၅၇၆၂၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးရေဖူလုံမှုကြောင့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေစကြိုမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရေစကြိုမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် သဘာဝမြေသြဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သဘာဝမြေသြဇာကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်ရေး သဘာဝမြေသြဇာထုတ်လုပ်နည်း တောင်သူပညာပေးကို ယမန်နေ့ နံနက် ၉ နာရီက အနောက်ပိုင်ရပ်ကွက်တွင်ပြုလုပ်သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ရေနံချောင်းမြို့ ပရိယတ္တိစာသင်တိုက်ကြီးများရှိ ဆရာတော်သံဃာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်ကြီးများ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ထမ်းဆောင်နေကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို  ယမန်နေ့က ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်မတီမှကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်း​မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာ၊ ရပ်ကျေးစာရေးဝန်ထမ်းများ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူများအတွက်၊ မြို့နယ်အတွင်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ္တမြား၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး