ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးဖြစ်ပြီး လျာထားချက်ဧကပြည့်မီစေရန် တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။