မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပပြီးစီး၍ မဲရလဒ်စာရင်းများ ရေတွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယမန်နေ့နံနက် (၆)နာရီမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲရုံအသီးသီး၌ ဖွင့်လှစ်ဆောင်ရွက်ပြီး ညနေ(၄)နာရီတွင်  မဲရုံများ ပိတ်သိမ်း၍ လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းများရရှိသည့် ကြိုတင်ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်ခြင်း၊ မဲပေးစက်မှ မဲရလဒ်စာရင်းများ ရေတွက်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၈၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၈၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်၌ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် နယ်လှည့် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့၌ ဆန္ဒမဲများလာရောက်ပေးသည့် သက်ကြီးဘိုးဘွားများအား မော်တော်ယာဉ်များဖြင့် ကြိုဆိုပို့ဆောင်ပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ခုနှစ်၊ ယမန်နေ့ ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များမှ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မိမိတို့နိုင်ငံသားအခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံဘဲ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ဆန္ဒမဲများလာရောက်ပေးလျက်ရှိသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများအနေဖြင့် ယမန်နေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် အေးချမ်းစွာဖြင့် ဆန္ဒမဲပေးလျက်ရှိသည်။ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောက်နစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင်းဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် စတင်မဲပေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများ မဲရုံများအလိုက် လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှုကို လိုက်လံကြည့်ရှုအားပေး

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်ကာ၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၁)မြို့နယ်ရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ယမန်နေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ တစ်ခဲနက်ဆန္ဒမဲများပေးကြသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများဆန္ဒမဲပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိမဲရုံများတွင် ပြည်သူများအနေဖြင့် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် အေးချမ်းစွာဖြင့် ဆန္ဒမဲပေးလျက်ရှိသည်။ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောက်နစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင်းဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် စတင်မဲပေးခဲ့ကြသည်။

မင်းလှမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယ‌နေ့ နံနက် ၆ နာရီမှစတင်၍ မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီးငဖဲမြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစတင်ကာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက ဇန်နဝါရီ  ၁၁ ရက် (ယနေ့) နံနက် ၆ နာရီအချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ အေးချမ်းစွာလာရောက် ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး