စလင်းမြို့နယ်တွင် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ဇွန်လ ပထမပတ် ကျန်းမာရေးချို့တဲ့ ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင် စလင်းမြို့၊ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ(အခမဲ့) ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ဇွန်လ(၇)ရက် နံနက်ပိုင်းမှစတင်ကာ နေ့လယ်(၁) နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင်သူ ဆရာဝန်များနှင့် ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား ဇွန်လပထမ ပတ် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။