ချောက်မြို့နယ်တွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဈေးနှင့် ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများထံ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။