ဆိပ်ဖြူမြို့နယ်တွင် ရေကြီးရေလျှံမှု ဘေးအန္တရာယ်တုံ့ပြန်ကာကွယ်ရေးအတွက် ရေယာဉ်စမ်းသပ်မောင်းနှင်ခြင်းနှင့် လေ့ကျင့်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေကြီးရေလျှံမှုအန္တရာယ် တုံ့ပြန်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေယာဉ်စမ်းသပ်မောင်းခြင်းနှင့် လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံ၌ ပြုလုပ်သည်။