မကွေးတိုင်းဒေသကြီး

ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ယနေ့ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက အလျား ၂၀ ပေ၊  အနံ ၉ ပေ ရှိ  "ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့" အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မကွေး-တောင်တွင်း လမ်းမကြီး၊ မကွေးပညာရေးဒီဂရီ‌ကောလိပ်ရှေ့ (ကြာပန်းအဝိုင်း) တွင် စိုက်ထူဆောင်ရွက်‌ခဲ့သည်။

မြို့သစ်မြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  ပုတီးကုန်းကျေးရွာအုပ်စု၊ ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်ကို နားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

မင်းလှမြို့၌ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းလှမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ်တွင် အိုးမြေတွင်းကျေးရွာအုပ်စုအား ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို အိုးမြေတွင်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ချေးငွေကျပ် ၁၉၀ သိန်း ၅ သောင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ရေမြက်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး