စလင်းမြို့နယ် ပေါင်းနားရပ်ကွက်ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းဒေသဖွံ့ ဖြိုးရေးနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လမ်းတံတား အုတ်ရေမြောင်းနှင့် ဒေသဖွံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပေါင်းနားရပ်ကွက် အတွင်းရှိ ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်း၊ ရာနှုန်း ပြည့်ပြီးစီးနေမှုအား ယနေ့ နံနက်ပိုင်းက၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။