မကွေးတိုင်းဒေသကြီး

စလင်းမြို့နယ်တွင် ပဲစဥ်းငုံလျာထားဧက (၈၁၄၇) ဧကထက် ပိုမို၍ ၁၂၁၅၂ ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပဲစဥ်းငုံသီးနှံအား နိုင်ငံခြားပို့ကုန်သီးနှံနှင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးစေလျက်ရှိကြောင်းသိရသည်။ ယခုနှစ်၂၀၂၅ ခုနှစ်တွင် လျာထား(၈၁၄၇)ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အင်ကြင်းပင်လှကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏ ပဲစဥ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပဲစဥ်းငုံ စိုက်တောင်သူများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး သာသနာ့ဗိမာန်တော်ကြီးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းအဆင့် မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံ မြို့မိမြို့ဖများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်သင်တန်းများမှ လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂၅ ဦးအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ရှိ မင်းဘူး ဦးဩဘာသမြို့နယ်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကံမမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသပွဲကို ယမန်‌နေ့နေ့လယ်(၁)နာရီက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု (၂၂) အုပ်စု ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ထန်းတောကျေးရွာ အုပ်စုနှင့် အလယ်ချောင်း ကျေးရွာအုပ်စုတို့မှ တောင်သူ(၁၉၄)ဦးတို့၏ မိုးစပါးစိုက်ဧက (၄၃၅) ဧကနှင့် နှမ်းစိုက်ဧက (၁၀) ဧကတို့အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၆၆၂.၅) သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာ အုပ်စု(၂၂)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးသို့ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် ပန္နက်တင်မင်္ဂလာကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယောဝရပ်ကွက် သံသရာအေးသာသနာ့မြေ၌ ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်က ကျင်းပသည်။

နတ်မောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး‌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.လ.က(၃) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အာဟာရဖြည့်စွက်စာများ ပေးအပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမပတ်) မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အစာအာဟာရ ဖြည့်စွက်စာများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး