ဂန့်ဂေါမြို့၌ ကြိုတင်ဆန္ဒမဲပေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြသည်။