မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအတွက် အသင့်စုဖွဲ့ထားရှိ
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စ္စည်း (၂၂) မျိုး၊ ဖိုက်ဘာစက်လှေ ၁ စီးဖြင့် အသင့်စုဖွဲ့ထားရှိခဲ့ကြောင်း သိရသည်။