ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Center များအား အဝင် အထွက် စာရင်းများနှင့် စောင့်ကြည့်လူနာများ၏ အခြေအနေများကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် များမှ Community Based Facility Quarantine Center အဖြစ် ထားရှိသော နေရာများ၌ အဝင်၊ အထွက်စာရင်း နှင့် စောင့်ကြည့်လူနာများ၏ အခြေအနေအား ယမန်နေ့က စစ်ဆေးခဲ့ပြီး တာဝန်ကျ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုနယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။