ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

သနပ်ပင်မြို့နယ် မြို့မဈေးနှင့် ဈေးတံတားလမ်းဆုံ၊ လူစည်းကားရာ‌ နေရာများ၌  ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်   ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို  လိုက်နာရန်  အသိပညာပေး လုပ်ငန်းကို  ယနေ့နံနက် ၈ နာရီအချိန်က ဈေးတံတားလမ်းဆုံနှင့် မြို့မဈေးအတွင်း၊ လူစည်းကားရာ နေရာများ၌ နှာခေါင်းစည်း(mask) များ အခမဲ့ဖြန်ဝေခဲ့ကြသည်။

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေးမြို့နယ်၊ ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်းတမံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် ယနေ့နံနက် ၇ နာရီခွဲက ရေးမြို့နယ် ရေး-ထားဝယ်ကားလမ်းတံတားအနီး ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်း တမံတည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်း ကျော်ပျိုးထောင်ထားရှိ

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၁-ခုနှစ်မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများကောင်းမွန်စေရေး နှင့်သစ်တောပြုန်းတီး မှုကြောင့်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့်ရာသီဥတုအပူဒဏ်ကာကွယ် နိုင်ရေးအတွက် စိုက်ပျိုး ရန် ပျိုးပင်ပေါင်းတစ်သိန်းကျော်ပျိုးထောင်ထားရှိကြောင်းသိရသည်။

ကျိုက်ဒုံမြို့တွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးသန့်ဇော်၊ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုတို့သည် ယနေ့ နံနက် ၁၀ နာရီက (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၅၃.၄၀၀)ကျပ်သန်းဖြင့် အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးလမ်းဘေး အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ဘောလုံးအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို မေလ ၁၂ ရက် မွန်းလွှဲ (၁)နာရီက မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် A-G-T-I (တတိယနှစ်) သင်တန်းအား ဖွင့်လှစ်ပို့ချလျက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊စေတီယျရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် A-G-T-I(တတိယနှစ်)သင်တန်းအား မေလ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မုဒုံမြို့နယ်ရှိ တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင် မေ ၁၃ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မုဒုံမြို့နယ် ဝက်တဲကျေးရွာ ကွင်းအမှတ် (၈၄၅-ခ) ကျိုက်ပက်အရှေ့ကွင်းတွင် တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော်နိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က တစ်မြောင်းတစ်ဘောင် စနစ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ သီးနှံစို

လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ် ခုနစ်လံးပြိုလဲ၍ လူနေအိမ်(၃၉)လုံး အမိုးလန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာအချို့တွင် ယမန်နေ့ ညနေ ၂နာရီ၄၅မိနစ်အချိန် ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခုနစ်လုံးပြိုလဲ၍ သီလရှင် တစ်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် (၃၉)လုံး အမိုးများလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ