သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီးကမ်းပြိုကျမှုကြောင့် ပြိုလဲပျက်စီးနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီကစံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် အောက်တိုဘာလ (၇) ရက်နေ့တွင်ပြိုလဲပျက်စီးနေအိမ် (၃)လုံး၊ လူဦးရေ(၁၅၀)ဦးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။