မဟာအောင်မြေမြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအားစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက် ထားရှိမှုအား ယနေ့မွန်းလွဲ(၁)နာရီအချိန်က မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနသို့ တာဝန်ရှိသူများက လာရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။