စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မန္တလေးပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တို့နှင့် ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။