လေရှီးမြို့တွင် မြို့နယ်ပညာရေးမှူးဖလားကျောင်းအဆင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအားကစားကွင်း၌ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။