ရေဦးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာပြပွဲ ပြုလုပ်
ကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်တွင် စာပေဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရေဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာပြပွဲ ပြုလုပ်ခဲ့သည်။