ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား အပတ်စဉ် သောကြာနေ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား အပတ်စဉ် သောကြာနေ့ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။