စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြောင်းသီးနှံကို အ‌ဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအေဝးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ခရိုင်ပညာရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့ရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများတက်ရောက်

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ “ရွှေပြည်စိုး” (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ကျောင်းဆောင်သစ်ရှေ့တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမား၏အဓိပ္ပါယ်ကို သိရှိနားလည်စေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်ပြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကန်သာယာကန် ပြည်ထောင်စုကျွန်းရှေ့နှင့် မုံရွာမြို့အဝင်/အထွက် အလုံမင်းဒေါင့်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်၍ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌ (၇၈)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြု ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက်(၉)ခွဲအချိန်က အမှတ်(၂)အ​​ခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး