စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်​ဘောလုံးပြိုင်ပွဲများကို (၆.၂.၂၀၂၅)ရက်​နေ့မှစတင်ကာ ရန်ကြီး​အောင်အားကစားခန်းမတွင် ကျင်းပလျက်ရှိ​ကြောင်း သိရသည်။

မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အခြေခံပညာဦးစီးဌာန လစ်လပ်နေရာများအတွက် ရေးဖြေစာမေးပွဲစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကန့်ဘလူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် (၂၅) ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၉ ရက်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းကွင်း၌ ကျင်းပခဲ့သည်။

ရှေးဟောင်းသမိုင်းဝင်မဟာနန္ဒာကန်အတွင်း သဲနုံးတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ရေဂါလံ(၁၀)သန်းခန့် ထပ်မံသိုလှောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပြည်သူများသောက်သုံးရေ ပိုမိုပေး‌ဝေနိုင်ရန်နှင့် နွေစပါး အောင်ရေပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ မဟာနန္ဒာကန်တော် သဲနုံးတူးဖော်ခြင်း လုပ်ငန်းများကို ၁၆-၁၂-၂၀၂၄ ရက်မှ စတင်၍ ဆည်မြောင်းထိန်းသိမ်းရေးဦးစီးဌာန(ရွှေဘိုမြို့)က အကောင်းအထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဖောင်းပြင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနကြီးမှူး၍ သစ်တော ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကုန်းအောက်တောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဖေဖော်ဝါရီလ (၆)ရက်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဖောင်းပြင်မြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြန်ဆန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း၍ မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို အင်ကြင်းမြိုင်ရပ်ကွက်၊ အောင်ဆန်းလမ်း၊ လမ်းအမှတ်-၃ ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ (Video Conferencing) စနစ်ဖြင့် တက်ရောက်ကြသည်။

စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများဆောင်ရွက် နေမှုများအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများစိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး