စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hostpot အရေအတွက် များပြားနေခြင်းကိုလျှော့ချနိုင်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခန္တီးမြို့၌ ကာရာအိုကေ(KTV) ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ(KTV)ဆိုင်များ၌ ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊ စိတ်ကြိုက်ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅)တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၅)ကို ယနေ့နံနက်(၉)နာရီခွဲက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးသိန်းထိုက်ဦး၊ တိုင်းဒေသကြီးအဆင့် မိတ်ဖက်ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကလေးမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကလေး) တာဝန်ရှိသူများသည် ကလေးလေဆိပ်ရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင်  ယနေ့နံနက်ပိုင်းက ဆိုင်ကယ်ဦးထုပ်မဆောင်းသူအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေပြု၍ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးများက ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများက ရဟန်းရှင်လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခြင်းးကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ငါးရက်တိုင်တိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်၌ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် စိုက်ဧက (၇၉၁၇)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ လျာထားဧကထက် ပိုမိုကာ (၁၂၁၄၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံသီးနှံ ဧက ၁၁၅၃၅ ရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံသီးနှံ ဧက ၁၁၅၃၅ ရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး