စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့သည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ပြိုကျပျက်စီးနေမှုများနှင့် ပြန်လည်ရှင်းလင်းမှုများအား လိုက်လံကြည့်ရှု
နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင် သာသနာပိုင် သီတဂူဆရာတော်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားမှုနှင့် သာသနိကအဆောက်အဦများ ပြိုကျပျက်စီး နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စေတီတော်ကြီးနှင့် ပရဝုဏ်အတွင်းရှိ သာသနိက အဆောက်အဦများ ရှေးယခင်မူလအတိုင်း ပြန်လည်ပြင်ဆင်တည်ထားကိုးကွယ်သွား မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။