ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား Camp စခန်းဖွင့် လေ့ကျင့်သင်ကြားပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပို့ချခြင်းများကို ဧပြီ ၂၈ ရက်မှစတင်ကာ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။