စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၃၆) ကြိမ်မြောက် ဝိနည်းစာတော် ပြန်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လပြည့်နေ့ ယနေ့နံနက် ၈ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ မြို့ဦးရွှေကျင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး ရင်ပြင်နှင့် ပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများ စိတ်အေချမ်းသာစွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး ရင်ပြင်နှင့်ပတ်ဝန်းကျင်အား အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံနှင့် မောင်ရင်လောင်းများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရွှေဘို​သွေးစာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ​ရွှေဘို​​သွေးစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များပူးပေါင်းအဖွဲ့က နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများကို အလွယ်တကူဝယ်ယူနိုင်ရေးနှင့် စျေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီကစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ(၁၄/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၄/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၂/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ဧက ၄၂၁ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းသီးနှံစိုက်ပျိုးဧက ၄၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး