စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ကတ်များကို အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့၌ မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုမည်ဖြစ်၍ စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)နှင့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် ယနေ့ နံနက် (၈) နာရီအချိန်က မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခြင်းကို ဒုတိယနေ့ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၈၅၃ ဧက စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၈၅၃ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား မုံရွာမြို့တွင် ကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ ‌အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နံနက် (၉) နာရီခွဲက မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးရှိ သွေလှူဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖောင်းပြင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၌ အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ “အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါများ ကာကွယ်တားဆီးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများနှင့် GENDER, CEDAW, NSPAW အကြောင်း သိကောင်းစရာများ”ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂ )၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် နွေစပါးလျာထားဧက ပြည့်မီကျော်လွန်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ နွေစပါးသီးနှံကို ဇန်နဝါရီပထမပတ်မှ စတင်ပျိုးထောင်စိုက်ပျိုးခဲ့ရာ စိုက်ဧက(၄၂၃၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့်စိုက်ပျိုး နိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဖြိုးလျှံမြတ်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်က အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး