ကန့်ဘလူမြို့နယ်၌ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် နွေစပါး(အောင်နိုင်တိုး)များအား အထွက်နှုန်းမှတ်တမ်း တင်နိုင်ရန် ၀ ဒသမ ၁၀ ဧက စံကွက်ရိတ်သိမ်းခြင်းကွင်းပြပွဲကို ဇွန် ၂၅ ရက်နံနက် ၁၀ နာရီက ကန့်ဘလူမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ ကွင်းအမှတ် ၅၉၂၊ ဦးပိုင်အမှတ် ၁၂၆ တောင်သူ ဦးဟန်ဝင်းဘို၏ အောင်နိုင်တိုးနွေးစပါးစိုက်ကွင်းတွင် ကျင်းပသည်။