စစ်ကိုင်း၊ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇွန်လ (၂၅) ရက်၊ မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)၌ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ထုတ်ဝေပြီးမူးယစ်ဆေး သုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပပျောက်ရေးမဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်ဆောင်းပါး၊ မောင်ကျေးဇူး၏ အဆိပ်ပန်းကဗျာ၊ ကာတွန်းနှင့်ဓာတ်ပုံများကို အသိပညာပေးဖော်ပြပါရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)