နာဂဒေသ လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ကာ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။