ကလေးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သဏ္ဌာန်တူ သရုပ်ပြသခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေဘေး၊ မီးဘေး၊ ငလျင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောအသိပညာပေးဟောပြောခြင်း သဏ္ဌာန်တူသရုပ်ပြသခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၃)အခြခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။