ဖြူးမြို့နယ်၌ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းကို ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ မဲရုံ (၇၅)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်မွမ်းမံသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။